Facebook
မှာ Deactivate လုပ်တယ်ဆိုတာကတော့ ဒီအကောင့်ကို မသုံးချင်လို့ဖျက်ပစ်ထာပါ၊
Account
Settings ထဲကိုဝင်ပါ အောက်ဆုံးနားမှာ Deactivate Account မှာ Deactivate ကိုတစ်ချက်ကလစ်လိုက်ပါ
အဲဒါဆို ရင် Are you sure you want to deactivate your account? ဆိုတဲ့ အမှန်တကယ် နားထားချင်တာလားဆိုတဲ့
မေးခွန်းနဲ့အတူ ဘာကြောင့် အကောင့်ကို Deactivate လုပ်ချင်ရတာလဲဆိုတဲ့ မေးခွန်းကို
Check box ကိုရွေးပြီးဖြေပေးလိုက်ပါ။
တကယ်လို့ တခြားအကြောင်း အရာကြောင့်
ဆိုရင်တော့ Other ကိုရွေးပေးပြီး အောက်မှာရှိတဲ့ Please explain further ဆိုတဲ့နေရာမှာ
အကြောင်းပြချက်ပေးပြီး Confirm ဆိုတာကို တစ်ချက်ကလစ်လိုက်ပါ။ Facebook Password မှန်မှန်ကန်ကန်ထည့်ပြီး
နောက်တစ်ဆင့် Confirm ကိုထပ်ပြီးကလစ်လိုက်ပါ။ ပြီးလျှင် Facebook Logout ဖြစ်သွားပြီး
Facebook password နဲ့လည်း ၀င်လို့မရတော့တာကို တွေ့ရပါလိမ့်မည်။ အောက်မှာလည်း Your
account has been deactivated ဆိုတဲ့ ဒီအကောင့်ကို ခေတ္တခဏ နားထားကြောင်းနဲ့ တကယ်ပြန်သုံးချင်ရင်
Facebook Username သုံးထားတဲ့ Gmail အကောင့်ရဲ့ Password ကိုပြန်ထည့်ပြီး အသုံးပြုနိုင်ကြောင်း
ရေးသားထာတာကို တွေ့ရပါလိမ့်မယ်။
တကယ်လို့ ကိုယ့်အကောင့်ကို လုံးဝဖျက်ပစ်ချင်တာ
မဟုတ်ပဲနဲ့ ခဏတာနားထားချင်တယ်ဆိုရင်တော့ ဒီနည်းလေးက အထောက်အကူပေးမှာ အမှန်အကန်ပါပဲ။
0 comments:
Post a Comment