Saturday, May 19, 2012
at
3:54 AM
By:
Unknown
အချိန်ဟာ
ကြွယ်ဝချမ်းသာမှုအတွက် ဘယ်သူ့ကိုမှ အထူးအခွင့်အရေးမပေးဘူး။ ပညာထူးချွန်မှုအတွက်
အခွင့်ထူးခံလည်း မရှိဘူး။ ပညာတတ်ကိုလည်း ဘယ်အခါမှ တစ်နေ့ တစ်နာရီ
ဆုအဖြစ်ပိုမပေးပါဘူး၊ အပြစ်ဒဏ် ပေးတာလည်းမရှိဘူး၊ အတိုင်းအဆမရှိ အင်မတန်
အဖိုးတန်တဲ့ ဒီပစ္စည်းကို သင်ဖြုန်းချင်းတိုင်း ဖြုန်းပစ်လို့ သင့်ကို ဆက်ပြီး မပေးဘူးလို့လည်း
မရှိဘူး၊ ဘယ်လိုတန်ခိုးရှင်ကမှ ဒီလူဟာအရူး၊ ဒါမှမဟုတ် လူလိမ်လူကောက် အချိန်နဲ့
မတန်ဘူး၊ မရသင့်ဘူး အချိန်းပေးတဲ့ မီတာဖြတ်ပစ်မယ်-လို့လည်း မဆိုနိုင်ဘူး၊ ဘဏ်များက
အာမခံချက်ထက် သေချာခိုင်မာသေးတယ်။ တနင်္ဂနွေနေ့တွေမှာလည်း ပေးမြဲပေးတာပဲ၊
ရပ်မထားဘူး၊ မထိခိုက်ဘူး၊ တစ်ခုတော့ရှိတယ်၊ ကြိုထုတ်လို့တော့မရဘူး၊ ဒီတော့
ကြွေးမတင်ဘူး၊ ကုန်နေတဲ့ အချိန်ပိုင်းကလေးတွေကိုတော့ ဖြုန်းပစ်ချင်လည်း
ဖြုန်းပစ်နိုင်တယ်။ နက်ဖြန်ကိုတော့ ဖြုန်းလို့ မရဘူး။ သင့်အတွက် ကောင်းကောင်း
သိမ်းထားတယ်။ နောက်လာမယ့် နာရီပိုင်းကိုလည်း ဖြုန်းပစ်လို့မရဘူး။ သင့်အတွက်
သိမ်းထားတာပဲ။ နေ့စဉ်ရှိနေတဲ့ အဲဒီ ၂၄နာရီဟာ သင်နေရတဲ့ အချိန်ပိုင်းပဲ၊ အဲဒီအထဲက
ကျန်းမာရေး၊ ပျော်ရွှင်မှု၊ ငွေကြေး၊ စိတ်ကျေနပ်မှု၊ လေးစားခံရမှုနဲ့
မပျောက်ပျက်နိုင်တဲ့ သင့်ဝိညာဉ် လည်ပတ်မှုအတွက် သင်လုံးပမ်းရတာပဲ။
(လူထုဦးလှ/လူတစ်လုံး-မှ)