ရှစ်လုံးဖွဲ့ကဗျာ(သံဝေဂ)
-အို ..
ငါ့မြေးတို့ရဲ့ ကြည့်ကြရှုကြ အဘိုးရုပ်ပုံ
လူပျိုတုံးက
မင်းတို့လိုပုံ၊ အချောအလှ ပြောပြမကုန်။
အသက်ကြီးတော့
မျက်စိတွေမှုန်၊ နားကထိုင်း ခါးကိုင်းအိုရပုံ။
-အို ..
ငါ့မြေးတို့ရဲ့ ကြည့်ကြရှုကြ အဘိုးရုပ်ပုံ
မျက်ချေး-နှပ်ချေး
ယိုစီးလို့ပုံ၊ နေ့လားညလား သေဘက်ကိုစုံ
မင်းတို့လည်း
အိုရဒီဖြစ်ပုံ။
-အို ..
ငါ့မြေးတို့ရဲ့ ကြည့်ကြရှုကြ အဘိုးဖြစ်ပုံ
နာကြင်ဒုက္ခ နေ့ညအစုံ အမေလေး အဖေလေး အော်ရချိန်ကုန်
မင်းတို့လည်း
နာရဒီဖြစ်ပုံ။
-အို ..
ငါ့မြေးတို့ရဲ့ ကြည့်ကြရှုကြ အဘိုးဖြစ်ပုံ
ငယ်စဉ်တုံးက
မေ့လျော့ခဲ့ပုံ
စီးပွားရေးနှင့်
နေရက်ချိန်ကုန်
အိုနာသေရေး
မတွေးမိခဲ့ပုံ။
-အသက်ကြီးမှ
ပုတီးကိုကိုင်
ဇရာ ဒုဗ္ဗလ
ရုပ်ကမခိုင်
အိုဘေး
နာဘေး သေဘေးရင်ဆိုင်
စိတ်ပုတီး
လက်ကြီး ပတ်ခါမှိုင်။
0 comments:
Post a Comment