ဘ၀ဧည့်သည်
…
လာတုန်းကလည်း
တစ်ယောက်တည်းနော်
လက်တွဲခေါ်လာ
ဖော်မပါဘူး၊ ဥစ္စာချည်းနှီး အထီးတည်းတည့်၊
လာပြီးတော့
နား၊ မသွားသေးခင် ချိန်လေးတွင်မှ၊
ဝန်းကျင်ယှက်နွယ် နှောင်ကြိုးတွယ်ကြ
ပြုံးရယ်၊
ငိုယို၊ ချစ်မုန်းပို၍ မလိုဒေါသ လိုလောဘနှင့် ဘ၀ရိပ်မြှုံ ကကြိုးစုံခဲ့၊
ကံကုန်မိုချုပ် လက်တွဲဖြုတ်ကာ သုတ်သုတ်စောလျှင် ခရီးနှင်သည်
ဒို့လျှင်
ဧည့်သည်ပါတကား။
0 comments:
Post a Comment