Saturday, June 23, 2012 By: Unknown

အဖျက်စိတ်များကို ပယ်ဖျက်ပါ

အဖျက်စိတ်များကို ပယ်ဖျက်ပါ -

''ငါအကြံအောင်မြင်မှာမဟုတ်ဘူး'' -ဟူသော အရှုံးပေးလိုသောစိတ်၊
 ဖြစ်မှဖြစ်ပါ့မလားဟု စိုးရိမ်ပူပန်သောစိတ်၊
 ကောက်စိတ်၊ ရှက်စိတ်၊ မနာလိုဝန်တိုစိတ်၊ 
သူတစ်ပါးအား အထင်သေးသောစိတ်၊ 
သူတစ်ပါအား အပြင်တင်လိုသောစိတ်၊
 ဒေါသစိတ်၊ အတိမ်အဖျင်း ပြောလိုသောစိတ်၊ 
မျက်နှာထား သုန်သုန်မှုန်မှုန်နှင့် ခိုညည်းသလို တပျက်တောက်တောက်ညီးညူ လိုသောစိတ်၊ 
တစ်ကိုယ်ကောင်း ဆန်သောစိတ်၊ လိမ်လည်လှည့်ဖြားလိုသော စိတ်၊ စသည်အဖျက်စိတ်များသည် 
သူတစ်ပါးကိုရော၊ မိမိကိုပါ အကျိုးဆုတ်ယုတ်စေသည်အပြင် မိမိရည်မှန်းချက်ကိုလည်း ပျက်ပြားစေကြ၏။
ထိုကြောင့် ဤစိတ်များဖြစ်ပေါ်လာသည်နှင့်တပြိုင်နက် ပယ်ဖျက်နိုင်အောင်ကြိုးစားရမည်။

0 comments:

Post a Comment