Saturday, June 30, 2012 By: Unknown

အမျိုးသားများအတွက်ကျန်းမာရေးဂရုစိုက်နည်း

အမျိုးသားများ အသက်အရွယ်အလိုက် ကျန်းမာရေးဂရုစိုက်ရမည့် နည်းလမ်းများ........ (From .. Mg Mandalay )

အသက် ၂၀ အရွယ်
သွေးလွှတ်ကြော မာကျောတာဟာ အသက် ၂၀ အရွယ်မှစတင်ပြီးတဖြည်းဖြည်းကြီးထွား လာတာပါ။ ဆယ်ကျော်သက် အရွယ်မှစပြီး သွေးကြောတွင်း အဆီဖတ်တွေ စုဆောင်း လာပြီး အသက် ၂၀ အရွယ်နဲ့ သေဆုံးသူကို ခွဲစိတ်စစ်ဆေး ကြည့်ရာသူတို့ရဲ့ နှလုံးသွေး ကြော အတွင်းမှာ သွေးခဲဖတ်တွေသိသာ ထင်ရှားစွာ ရှိနေတာ တွေ့ခဲ့တယ်လို့ Weill ဆေးတက္ကသိုလ် မှ ပါမောက္ခ Dr.Antonio က ပြောပါတယ်။

ကောက်ညှင်း ငချိတ်တဆေး Red Yeast Rice ဟာ Statir ကို ခံနိုင်ရည် မရှိသူတွေမှာ တောင် ကိုလက်စထရော အဆင့်တွေ ကျဆင်း နိုင်တယ်လို့ လေ့လာမှု အရသိရပါတယ်။ Red Yeast Rice နဲ့အတူ ကြက်သွန်ဖြူ အနှစ်တွေ တွဲစားရင် နှလုံးသွေးကြောကျန်းမာရေး အတွက် ကောင်းမွန်ပါတယ်။

အသက် ၃၀ အရွယ်
အသက် ၃၀ အရွယ်မှ ထိပ်ပြောင်စပြုလာ သူတွေဟာ နှလုံးတိုက်ခိုက်ခံရနိုင်ခြေ ၂၃ ရာခိုင်နှုန်း ပိုများ တယ်လို့ သိရပါတယ်။ ဦးခေါင်း ထိပ်ဆုံးနေရာ(Crown)မှာထိပ်ပြောင် လာ သူတွေဟာ အထူးသဖြင့် သွေးတိုးရောဂါ ဒါမှမဟုတ် ကိုလက်စထရော အဆင့်မြင့် တာရှိနေရင် နှလုံးတိုက်ခိုက် ခံရနိုင်ခြေ ပိုများတဲ့ အမှတ်အသားပါ။ သင်ဟာ ဆံပင်ပါးစ ပြုလာရင် နှလုံးရောဂါ ရှိမရှိ စစ်ဆေးမှုတွေ ပြုလုပ်ပါ။

အသက် ၄၀ အရွယ်
ဒီရွယ်ဟာ လေဖြတ်ရောဂါ ဖြစ်နိုင်ခြေ များတဲ့ အရွယ်ပါ။ သွေးတိုးရောဂါ မရှိအောင်နေပါ။ လေဖြတ်သူ တွေရဲ့ ၃၉ ရာခိုင်နှုန်းဟာ သွေးတိုး ရောဂါကြောင့်ပါ။ သွေးဖိအား ထိန်းနိုင် အောင်နဲ့ကိုလက်စထရော အဆင့် ထိန်းပေး နိုင်အောင် သစ်ကြားသီးနဲ့ ငါးလိုမျိုးOmega-3 ပါဝင်မှုများ တဲ့ အစာစားပါ။
Good Health

0 comments:

Post a Comment