Sunday, March 25, 2012 By: Unknown

သြ၀ါဒ (၃)

ဘ၀ဆိုတာ …
အဆင်ပြေမှု မရှိလှတဲ့
တဒင်္ဂ အစိတ်အပိုင်းလေးမှာ
စိတ်အလိုလိုက်ပြီး မိုက်နေမယ်ဆိုရင်
ဘ၀-ကမ္ဘာလေးထဲမှာ
လ-မသာ၊ ကြယ်-မခတဲ့
လကွယ်ညလေး ဖြစ်သွားမှာပေါ့
ရောက်တဲ့အရပ်မှာ ပျောင်အောင်နေ
တွေ့တဲ့သူနဲ့ တဲ့အောင်ပေါင်း
ဒါဆိုရင် .. ဘ၀ဆိုတာ ပျော်စရာကြီးပေါ့။

အဓိက …
လူ့ဘ၀မှာ အ၀တ်အစားထက်၊ မျက်နှာထားက အဓိကပါနော်။

ဒီလောက …
ကျေးဇူးပဲ .. ဆိုတဲ့ အပြုံးလေးတစ်ခုနဲ့
ကျေနပ်ခဲ့ရပေါင်းလည်း များလှပြီ။
ကူညီပါ .. ဆိုတဲ့စကားလေး တစ်လုံးနဲ့
ညာခိုင်းခံရပေါင်းလည်း များလှပြီး။
နက်ဖြန်ခါ .. ဆိုတဲ့ ချိန်းဆိုမှုတွေကိုလည်း
စောင့်ခဲ့ရပေါင်းလည်းများလှပြီ။
သည်းခံပါ ..ဆိုတဲံ တောင်းပန်မှုတွေကိုလည်း
ခွင့်လွှတ်ခဲ့ရပေါင်း များလှပြီး။
ခဏလေးပါ .. ဆိုတဲ့ ငှါးရမ်းမှုတွေကြောင့်
ဆုံးရှုံးခဲ့ရပေါင်းလည်းများလှပြီ။
ဒါကြောင့်လားမသိ အကျွန်ုပ်၏ အရေပြားများ ထူလွန်းအားကြီးလို့ 
ဆူးသွားနဲ့ ထိုးလည်း မပေါက် အပ်ကိုပင် ကောက်စေခဲ့ပြီ။

အမိန့် …
သင် ... အမိန့်ကို ကောင်းစွာ နာခံတတ်မှ
သင် … အမိန့်ပေးသူအဖြစ်သို့ ရောက်နိုင်မည်။

အာဇာနည် …
စိတ်အားငယ်ခြင်းသည်၊ ဆုံးရှုံးခြင်း၏ အကြောင်းသာတည်း။
ဒုက္ခကို သည်းခံခြင်းသည်၊ သုခကို ရခြင်း၏ အကြောင်းသာတည်း။
ရင်ဆိုင်နေရသော ဒုက္ခမှ လွတ်မြောက်အောင် ကြိုးစားခြင်းသည်
အာဇာနည် ပုဂ္ဂိုလ်တို့၏ စိတ်ထားသာတည်း။

သူတော်ကောင်း …
သူတော်ကောင်း၊ မကောင်းကောင်း
ကိုယ်က ကောင်းလိုက်စမ်းပါ။
သူတော်တော် မတော်တော်
ကိုယ်က တော်အောင်နေလိုက်စမ်းပါ။
ကိုယ်ကိုယ်တိုင်က တော်ပြီး
ကောင်းတဲ့သူဖြစ်မှ သူတော်ကောင်းဖြစ်မယ်။ (ဓမ္မဒူတဆရာတော်ကြီး)

မှတ်ထားပါ …
လှူတိုင်းလာ၊ သဒ္ဓါပျက်မည်မှတ်။
ကြုံတိုင်းဝင်၊ အမြင်ကပ်မည်မှတ်။
ပေါင်းတိုင်းယုံ၊ ငွေကုန်တတ်မည်မှတ်။
များတိုင်းသုံး၊ အိမ်လုံးကုန်မည်မှတ်။
ကောင်းတိုင်းစား၊ ဘေးများသင့်မည်မှတ်။

0 comments:

Post a Comment