Monday, March 12, 2012 By: Unknown

အလှသစ္စာ


-ရောင်စုံလန်းဆန်း ရနံ့လွှမ်းသည့်
ပန်းကလေးတွေ၊ အလှဝေလည်း
မကြွေကျခင်၊ အလှဆင်သည်
တဒင်္ဂအလှ၊ သူ့ဘ၀။

-တောတွေတောင်တွေ၊ အလှဝေလည်း
နွေမရောက်ခင်၊ အလှဆင်သည်
တဒင်္ဂအလှ၊ သူ့ဘ၀။

-အသားရွှေဝါ၊ ပါးနီတျာနှင့်
နှာတံမျက်လုံး၊ ရှုမဆုံးအောင်
ကော့မျက်တောင်နှင့်၊ နက်မှောင်ဆံပင်
မြင်သူတိုင်းငေး၊ နုယဉ်ကျေး၍
နတ်ဆေးပန်ချီ၊ ရေးမမီသို့
စုံညီလှရှာ၊ ထိုသူမှာလည်း
ဇရာမရောက်ခင်၊ အလှဆင်သည်
တဒင်္ဂအလှ၊ သူ့ဘ၀။

-စိတ်ထားကောင်းခြင်း၊ ရိုးသားခြင်းနှင့်
ရိုင်းပင်းကူညီ၊ ဤသုံးလီကား
အခြားအလှ၊ ယှဉ်မရ၍
ဘ၀နောက်နောင်၊ ကာလခေါင်ထိ
အရောင်ထွက်ဆဲ၊ လှနေဆဲမို့
အမြဲထာဝရ၊ လှမြဲလှသည်
အလှသစ္စာ၊ တရားပါတကား။ (အရှင်တေဇနိယ/ပဋ္ဌာန်းအလင်းရောင်)

0 comments:

Post a Comment