" မှန် "
ငါ့ကိုတွေ့ချင်လို့
ငါ့ကိုကြည့်တာမှမဟုတ်ဘဲ။
ငါ့ကိုတွေ့ချင်လို့
ငါ့ကိုကြည့်တာမှမဟုတ်ဘဲ။
သူ့ကိုယ်သူတွေ့ချင်လို့
ငါ့ကိုကြည့်တာ
ဒါများဘာလို့
“မှန် “ လို့ခေါ်သလဲ
“မှား “ လို့ထားလိုက်ပါလား။
သူ့ကိုယ်သူကြည့်တော့ရော
တိတိကျကျမမှန်
ဘယ်က ညာ
ညာက ဘယ် . . . . . ပြောင်းပြန်။
တိတိကျကျမမှန်
ဘယ်က ညာ
ညာက ဘယ် . . . . . ပြောင်းပြန်။
မှန်သယောင်နဲ့ မှား
မှားသယောင်နဲ့ မှန်
အမှား ရောထားတဲ့ အမှန်။
အပြန်ပြန်တစ်သက်လုံးကြည့်
တစ်ကြိမ်တောင် ကိုယ့်ကိုကိုယ် မတွေ့မိ
ပကတိမဲ့ ပုံရိပ်ရောင်ပြန်
အဲ့ဒါ ” မှန်” တဲ့ … ။
ငြိမ်းမင်း ( IDEA POEM ) မှ
မှားသယောင်နဲ့ မှန်
အမှား ရောထားတဲ့ အမှန်။
အပြန်ပြန်တစ်သက်လုံးကြည့်
တစ်ကြိမ်တောင် ကိုယ့်ကိုကိုယ် မတွေ့မိ
ပကတိမဲ့ ပုံရိပ်ရောင်ပြန်
အဲ့ဒါ ” မှန်” တဲ့ … ။
ငြိမ်းမင်း ( IDEA POEM ) မှ
0 comments:
Post a Comment