Sunday, March 18, 2012 By: Unknown

အတုခိုးတတ်လား


တစ်ခါက မျောက်တစ်ကောင်ရှိသည် လူတွေအနာနေ၍ လူတွေလုပ်တာကို အတုခိုးလိုက်လုပ်ကာ လူများနှင့် ခြေရာတိုင်းတတ်သည် အဆိုးဆုံးက လူတွေ၏ ဦးထုပ် လွယ်အိပ်များကို လု့ကာ လူလိုဆောင်းတတ် လွယ်တတ်၏။ လူတွေက ခဲနှင့် ပစ်၍ခြောက်လျှင် သူကလည်း အတုခိုးကာခဲနှင့် ပြန်ပစ်တတ်သည်။ လူတွေပစ္စည်းကို လုဖန်များလာသဖြင့် ထိုလမ်းကို သွားဖို့လူများက ရှောင်ရှားနေကြရသည်။ ထိုအကြောင်းကို သိရသော မုဆိုးတစ်ဦးက ဖော့ကို အုတ်ခဲပုံလှီး၍ အုတ်ခဲအရောင်သုတ်လိုက်၏။ ပြီးမှ အုတ်ခဲအစစ်ကို မျောက်နားသို့ ပစ်ပေးကာ မိမိခေါင်းကို မိမိဖော့အုတ်ခဲအတုနှင့် ထုပြ၏။ မျောက်က အဟုတ်မှတ်ပြီး သူ့ခေါင်းကို သူအုတ်ခဲအစစ်နှင့် ထုလိုက်ရာ နေရာတွင်ခေါင်းကွဲ၍ သေပွဲဝင်တော့သည်။ ကိုယ့်အမျိုး ကိုယ်စရိုက်သာ ကိုယ်နှင့် ကိုက်သည်ဟု မှတ်ပါ။ (စံမီမီ)

0 comments:

Post a Comment