အချစ်ဆိုတာ
အလွမ်းတွေကို ရေးစီ
တေးပန်းချီတွေ ဘယ်လိုဖွဲ့ဖွဲ့
သူ့ထက်သာ ငါယှဉ်ပြိုင်
ဘယ်လိုပင် တင်စား တင်စား
ဘ၀င်ကြားမှာတော့ ရင်မခါးပါဘူး
တကယ်တော့ အချစ်ဆိုတာ
အပြစ်ဖွေရှာစရာ မဟုတ်
အနှစ်သာရ အမျိုးမျိုးထုတ်၍
လုပ်ကြံဖန်တီးလို့လည်း မရ
သရုပ်သဏ္ဌန်ရှာဖွေကြည့်ပြန်တော့
အဟုတ်အမှန်တွေ စိစစ်မိမယ်
''နားလည်မှု'' တရား။ (ကြေးစည်/ဆင်ဖြူ)
0 comments:
Post a Comment