Sunday, March 25, 2012 By: Unknown

သြ၀ါဒ (၁)

ရှေးရှု …
-တက်လာသော နေ၀န်းဟာ၊
နောက်မဆုတ်ဘဲ၊ ၀င်ခြင်းသို့ ရှေးရှုသွား၏။
-တောင်ကျ ချောင်းရေဟာ၊ ဆုတ်နစ်ခြင်း မရှိဘဲ၊
 တောင်အောက်သို့ စီးဆင်းသွား၏။
-ထို့အတူ .. မွေးဖွားလာခြင်းဟာလည်း၊
 နောက်ဆုတ်ခြင်းမရှိဘဲ၊ သေခြင်းသို့ ရှေးရှုသွား၏။

လောကဓံ …
-မုန်းချစ်နှစ်တန်၊ လူတို့ထံဝယ်၊ အမှန်သဘော၊ မရှိသောရှင့်။
-လောကီအစုတ်၊ လူတို့နှုတ်ကား၊ မဟုတ်လည်းပြော၊ ဟုတ်လည်းပြော၏။
-ကောင်းဆိုနှစ်တန်၊ လောကဓံကို၊ ခံနိုင်သူမှ၊ လူတော်ကွ။

သူလို ငါလို …
သူလို ငါလို သွား၊ 
သူလို ငါလို စား၊ 
သူလို ငါလို လုပ်၊ 
သူလို ငါလို ပြော၊ 
သူလို ငါလို နေထိုင်ကြရင်၊ 
သူလို ငါလိုထဲက ထွက်နိုင်ကြမည် မဟုတ်၊ 
လိုသလောက် မရနိုင်ကြသော်လည်း 
လုပ်သလောက်တော့ ရနိုင်သည်။ (ရွှေပေါ်ကျွန်းဆရာတော်)

မကြည့်နဲ့ …
-ရေကန်၌၊ မှော်ကိုဖယ်၍၊ သောက်ရေ ခပ်ရသည်၊ 
မသူတော်၌ အပြစ်ကိုဖယ်၍၊ ဂုဏ်ကောင်း ရှာရမည်။
-တုံးတံတား လျှောက်စဉ်၊ အရပ်တစ်ပါး မကြည့်နဲ့၊ ချောက်သို့ကျလိမ့်မည်။
-သံသရာတံတား၊ လျှောက်စဉ်၊ 
သူတစ်ပါး အပြစ် မကြည့်နဲ့၊ သံသရာချောက်သို့ ကျလိမ့်မည်။ (ပထမေ၇ွှကျင်ဆရာတော်)

သွေးတဲ့ဓား …
သွေးတဲ့ဓားမှ ထက်တာပါ၊ 
လူဟာလည်း အလုပ်များများလုပ်မှ
ထက်မြက်ပါတယ်။
မသုံးတဲ့ဓားဟာ ကြာကြာထားရင် တုံးသတဲ့၊ 
လူဟာလည်း အလုပ်မလုပ်ဘဲ ကြာကြာနားရင်၊ အရေအသွေး ကျတာပါဘဲ။

သတ္တိရှင် …
သိသမျှ ပြောခြင်းထက်၊ 
စွမ်းနိုင်သလောက်၊ ထိထိရောက်ရောက် လုပ်ခြင်းက၊ 
သတ္တိရှင် ပီသသည်၊ 
အမှားကို ပြုပြင်ခြင်းသည်၊ 
မည်သည့်အခါမျှ၊ အချိန်နှောင်းသည်၊
 နောက်ကျသည်ဟု မရှိပါ။ 
ချစ်စရာအကောင်းဆုံးသည် ကိုယ်သာဖြစ၍၊ 
မုန်းစရာ အကောင်းဆုံးသည်လည်း၊ 
ကိုယ်သာဘဲဖြစ်သည်။ (ယောဆရာတော်)

ပျက်တတ်သည် …
မနှင့်ဘုန်းကြီး၊ အတူနီး
ဘုန်းကြီး မကြောင့်၊ ပျက်တတ်သည်။
ငွေနှင့်ဘုန်းကြီး၊ အတူနီး
ဘုန်းကြီးငွေကြောင့်၊ ပျက်တတ်သည်။
ပျိုရွယ်သမီး၊ ကျွန်နှင့်နီး
သမီး ကျွန်ကြောင့်၊ ပျက်တတ်သည်။
မတ်နှင့်မရီး၊ အတူနီး
မရီးမတ်ကြောင့်၊ ပျက်တတ်သည်။
ဆားနှင့် ချဉ်သီး၊ အတူနီး
ချဉ်သီး ဆားကြောင့်၊ ပျက်တတ်သည်။။

0 comments:

Post a Comment