Saturday, March 24, 2012 By: Unknown

မင်းအတွက်


အလွမ်းတွေကို ပုံဖော်ရင်း
သတိရခြင်းတွေကို စာဖွဲ့
တမ်းတခြင်းတွေကို ထုဆစ်လို့
မျှော်လင့်ခြင်း အပြည့်နဲ့
မင်းရဲ့အပြန် စောင့်မျှော်နေပါတယ်။

မင်းအတွက်…..
ငါ့ရဲ့ရင်ခုန်သံတွေ
မင်းပိုင်စိုးထားတဲ့
ငါ့ရဲ့ နှလုံးသားနဲ့
ပြည့်နှက်နေတဲ့ ချစ်ခြင်းအစုံ
ထုပ်ပိုးထားပါတယ်။

ငါ့ဘ၀ ငါ့ဘဝ
ထပ်တူ မကျခဲ့လည်း
မမြင်နိုင်တဲ့ ကွယ်ရာမှာ
မင်းအတွက် …..
ငါ ထာဝရ ရှိနေပေးမှာပါ။
မင်းအတွက် ဆိုတဲ့
ခေါင်းစဉ်အောက်မှာ အရာရာ
ငါ … ပေးဆပ်သွားမှာပါ ချစ်သူ။ (စူနစ်/နမ္မတီး)

0 comments:

Post a Comment