Sunday, March 25, 2012 By: Unknown

သြ၀ါဒ (၂)

လောကလူ့ဘောင် ….
-ရယ်ရယ်မောမော၊ ၀င်ကာနှောတော့
လူပေါကြီးဟု၊ ဆိုကြသည်။
-အရောမ၀င်၊ တည်နေလျှင်လည်း
မာနကြီးသည်ဟု၊ ဆိုကြသည်။
-ခေါ်ထူးမေးဖြေ၊ မှန်မှန်နေက
ဆိုလေအတင်း၊ ကုတ်ကမြင်းတဲ့။
-လောကလူ့ဘောင်၊ မလွယ်ပေါင်
အမောင်ဘယ်သို့၊ နေရမည်။

စုမိရာ …
-မြေမှုန့်များစွာ၊ စုမိရာ
သေလာတောင်ကြီးဖြစ်။
-ရေမှုန့်များစွာ၊ စုမိရာ
အဏ္ဏ၀ါပင်လယ်ကြီးဖြစ်။
လေမှုန့်များစွာ၊ စုမိရာ
မဟာမုန်တိုင်းကြီးဖြစ်။
-ပညာများစွာ၊ စုမိရာ
မဟာပဏ္ဍိကြီးဖြစ်။
-ရွှေငွေများစွာ၊ စုမိရာ
မဟာသူဌေးကြီးဖြစ်။

ပြိုင်မယ် …
အပြိုင်အဆိုင်၊ လောကကြီးမှာ
ရောက်နေတော့ ကိုယ်လည်း
ပြိုင်ပွဲဝင်နေရအုံးမှာပဲ။
ပြိုင်တဲ့အခါ ပြိုင်တတ်ဖို့လိုတယ်။
မနေ့ကငါနှင့် ဒီနေ့ငါ
မနှစ်ကငါနှင့် ဒီနှစ်ငါ
ပိုတော်လာအောင် ပြိုင်ရမယ်။
သူများနဲ့ မပြိုင်နဲ့
ကိုယ်နဲ့ ကိုယ်သာပြိုင်ပါ။ (ဓမ္မဒူတဆရာတော်ကြီး)

အောင်မြင်ရေးဂါထာ …
လောကမှာ အောင်မြင်တဲ့
ပုဂ္ဂိုလ်ဖြစ်ချင်ရင်
ဂါထာပေးလိုက်မယ်
ဥုံ-မပျင်းနဲ့
အခုလည်း မပျင်းနဲ့
နောင်လည်း မပျင်းနဲ့
ဘယ်တော့မှ မပျင်းနဲ့။ (သာမညဆရာတော်ကြီး)

စိတ်ပျက် …
စီးပွားရေးတွေ ပျက်နေသလား ?
အိမ်ထောင်ရေးတွေ ပျက်နေသလား ?
ကျန်းမာရေးတွေ ပျက်နေသလား ?
စိတ်တော့ မပျက်စေနဲ့နော် …။
လောကမှာ …
အပျက်တကာ အပျက်ထဲ
စိတ်ပျက်တာ အဆိုးဆုံးပဲ။

0 comments:

Post a Comment