ဆံနွယ်လေး တစ်ပတ်လျှိုကာ
ပခုံးထက် ဆံနွယ်ဖြာ
တော်ဝင်တဲ့သဇင်ကိုမှ
ဆံထုံးထက်ခြယ်ကာသတော့
တုနိုင်းလို့မှီသူမဲ့ခဲ့တဲ့
မြန်မာသူဆံနွယ်အလှ။
ခေတ်မဆန်ပေမယ့်
ကျော်အပေါ်ရင်လုံ မြန်မာဟန်ရင်ဖုံး
ခါးမပေါ်ခြေလုံ ချိတ်ထမီဆင်ယင်တော့
မြင်သူတိုင်းငေးခဲ့ပေါ့။
ခေါင်းငုံ့ကာခြေတစ်လှမ်း
ကုဋေတစ်သန်းတန်လို့
ကမ္ဘာမှာတင်ခဲ့တဲ့
ရွှေမြန်မာမတွေ။
ခေတ်အခါပြောင်းလာမှ
အမြင်တွေကျယ်လာတော့
ရွှေမြန်မာမတွေ အတုခိုးမှားပုံများ
ဆံနွယ်ကို ရောင်စုံဆိုး
တိုတိုဆွဆွကေသာနဲ့
ကျောပြလို့ရင်ဖော်
ခါးပေါ်ကာတင်ဖုံးရုံဆင်လို့
လမ်းသလားကြပုံ။
မြန်မာတွေ ခေတ်ပြောင်းကြပြီ
တောတွင်းအ၀တ်အစားဆင်လို့
မြန်မာမ -ဆိုတာ
ကျိန်တွယ်ကာပြရမယ့်
ခေတ်ပြောင်းပုံများ။ ။ (လင်းမေ)
0 comments:
Post a Comment