Wednesday, March 21, 2012 By: Unknown

ဒဿန(ရွှေည၀ါဦးသုန်)

ကုသိုလ်လုပ်ရာ အကုသိုလ်မပါစေနဲ့။

လူသည် မနက်ထက် ညမှာ ပညာပိုရှိရမည်။
မနေ့ကထက် သည်ကနေ့ အသိဉာဏ် သာရမည်။
အသက်ကြီးလာသည်နှင့်အမျှ ဦးနှောက် အလေးချိန်ပိုစီးရမည်။
သည်အတွက် ဘာလုပ်ရမည်နည်း? တစ်နည်းသာ ရှိသည် စာဖတ်ပါ။

မာနသည် ကျရှုံးမှု၏ ရှေ့တော်ပြေး ဖြစ်သည်။

တွေးသည့်အခါ ပညာရှိလို တွေးပါ။
ပြောသည့်အခါ သာမန်လူလို ပြောပါ။

စိတ်ကူးဉာဏ်သည် ကမ္ဘာကြီးကိုပင် လွှမ်းမိုးနိုင်စွမ်း ရှိ၏။

အနာဆိုးသာ ပြန်ကောင်းနိုင်တာ။ နာမည်ဆိုးကတော့ ကိစ္စတုံးဘဲ။

ကျောက်တုံးမှ ခြေနင်းတုံးသို့ …
ကြုံရတဲ့ ခလုပ်ကန်သင်းတွေကို လှေကားထစ်တွေအဖြစ် ပြောင်းလဲနိုင်ရမယ်။
တိုက်မိတဲ့ ကျောက်တုံးတွေကို ခြေနင်းတုံးတွေအဖြစ် အသုံးပြုတတ်ရမယ်။

လျှာမငြိမ်တဲ့ဒဏ် လည်ပင်းခံရတယ်။

မိတ်ဆွေကောင်း တစ်ဦး၏ တန်ဖိုးသည် အဖိုးမဖြတ်နိုင်။

လေထဲမှ တိုက်အိမ် …
လေထဲ တိုက်အိမ်ဆောက်ပါ ပြီးတော့မှ အောက် အုဌ်မြစ်ခံလိုက်စမ်းပါ။

အတွေး ….
အတွေးပြော့လျှင် တန်ခိုးသတ္တိပြော့၏။ အတွေးထက်လျှင် တန်ခိုးသတ္တိထက်၏။

ဥ မဥဘဲ မကတော်နဲ့။

ကောင်းမွန်သော ဦးခေါင်းတစ်လုံးသည်၊ သန်မာသော လက်တစ်ရာထက် သာလွန်၏။

အပြောင်အပျက် …
ပြောင်လျှင် ပျက်တတ်သည်။

0 comments:

Post a Comment