အချစ်စိတ် …
အချစ်စိတ်ဟာ
သာယာစရာ
ကြည်နူးစရာ ကောင်းတယ်
ထင်ရပေမယ်လို့
တစ်ခါတစ်လေတော့လည်း
မုန်းတိုင်းလိုလည်း၊ ပြင်းထန်တယ်
ရေတံခွန်လိုလည်း၊ အစီးသန်တယ်
မီးလိုလည်း၊ ပူပြင်းတယ်
မီးတောင်လိုလည်း၊ ပေါက်ကွဲနိုင်တယ်
ဝင်္ကပါလိုလည်း၊ ကွေ့ကောက်တတ်တယ်။
ချမ်းသာတယ်ဆိုတာ …
စိတ်ချမ်းသာတယ် ဆိုတာ
ပေါများမှ ချမ်းသာတာလား
ငွေအများကြီး ရှိမှ၊ ချမ်းသာတာလား
ဒီလိုလည်း မဟုတ်သေးဘူးလေ
လောကမှာ …
တင်းတိမ် ရောင့်ရဲတတ်မှ
ချမ်းသာတာပါ။
ဝေးသွားမယ် …
တစ်ခါဆုံးရှုံ ဖူးလို့
နောက်ကို ခြေတစ်လှမ်း၊ ပြန်ဆုတ်မိရင်
အောင်မြင်မှုနဲ့၊ ဆယ်လှမ်းလောက်
ဝေးသွားတတ်ပါတယ်။
စိတ်ကူး …
မင်းစည်းစိမ်ကို
မင်းသားကသာ၊ စိတ်ကူးသည်
ဒွန်းစဏ္ဍားကား၊ အမှတ်မရ
ရဟန္တာအဖြစ်ကို
သူတော်ကောင်းကသာ၊ စိတ်ကူးသည်
မသူတော်တို့ကား၊ သတိပင် မရ။ (ပထမရွှေကျင်ဆရာတော်)
နက်ဖြန် ….
သင့်မှာ ရှိတာနဲ့ပဲ၊ သင်ရှိတဲ့ နေရာက
အတတ်နိုင်ဆုံး၊ ကြိုးစား အလုပ်လုပ်ပါ။
ယနေ့ …
သင်ဘာတိုးတက် လာပြီလဲ
နက်ဖြန်ဟာ၊ ယနေ့ထက်
ပိုးကောင်း စေရမယ်။
ဇရာနှင့်ယှဉ်၍ ….
သင့် .. အသက်တွေကြီးနေပြီ
လောဘ ဒေါသ မောဟတွေ၊ ကြီးနေတုန်းပဲလား။
သင့် .. သွားတွေ ကျိုးနေပြီ
မာန် မာနတွေ မကျိုးသေး ဘူးလား။
သင့် .. အသားတွေ တွန့်နေပြီ
မကောင်းမှုမှ မတွန့်သေး ဘူးလား။
သင့် .. အားအင်တွေ လျော့ပါးနေပြီ
သင့်တဏှာ ဆန္ဒတွေ မလျော့ပါးသေး ဘူးလား။
သင့် .. ဆံပင်တွေဖြူနေပြီ
သင့် စိတ်ထားတွေ မဖြူသေးဘူးလား။
သင့် .. မျက်စိတွေ မှုန်ဝါးနေပြီ
သင့် နိဗ္ဗာန်လမ်းရော မှုန်ဝါးတုန်းပဲလား။
0 comments:
Post a Comment