ဓုဝံ မေ မရဏံ
မိမိထိုင်နေသော အုတ်ဂူအတွင်းမှလူကား တစ်ချိန်က မိမိကဲ့သို့ပင် လူသားတစ်ဦးဖြစ်ခဲ့သည်။ သက်ဝင်လှုပ်ရှားသွားလာပြောဆိုခဲ့သည်။ တန်ခိုး အာဏာရှိသူလည်း ဖြစ်နိုင်သည်။ ငွေကြေးချမ်းသာသူလည်း ဖြစ်နိုင်သည်။ ဆွေမျိုး ဉာတိ ပရိသတ်အပေါင်းနှင့် ၀င့်ကြွားသူလည်းဖြစ်နိုင်သည်။ ယခုမူ သူ၏တန်ခိုး အာဏာသြဇာသည်၎င်း၊ ကြွယ်ဝချမ်းသာမှုသည်၎င်း၊ ဆွေမျိုးဥာတိသည်၎င်း၊ သူ့အားမကယ်နိုင်ခဲ့။ သူ့ကိုချစ်မြတ်နိုးတွယ်တာလွန်းပါသည် ဆိုသော မိသားစုများ ကပင် ဤနေရာသို့ လာရောက်စွန့်ပစ်ထားကြသည်။ အထီးကျန်မှ တကယ့်အထီး ကျန်ပါတကား၊ အာဏာလည်း မကယ်နိုင်၊ အသပြာဖြင့်လည်း မ၀ယ်နိုင်၊ ဉာတကာ အစစ်သော်မှ မတွယ်နိုင်သည့် အဖြစ်က တကယ်တော့ သေခြင်းပါတကား။ ငါကော ဘာထူးသနည်း။ သူလိုမျိုးတစ်နေ့သေရမည် မုချ။ ငါ၏ သေခြင်းကား မြဲလှချေ၏ တကား ဓုဝံ မေ မရဏံ၊ ဓုဝံ မေ မရဏံ၊ ဓုဝံ မေ မရဏံ ……. ။
0 comments:
Post a Comment