ပျင်းရိခြင်းသည် အသွားနှေး၏။ ထို့ကြောင့် ဆင်းရဲခြင်းသည် လျင်မြန်စွာ ကျော်တက်သွား၏။
တစ်လောကလုံးရှိ အမှောင်ထုသည် ဖယောင်းတိုင် မီးတောက် တစ်ခုကိုမျှပင် ငြိမ်းသတ်နိုင်စွမ်း မရှိ။
မငဲ့နဲ့ ငဲ့ရင် စောင်းရော၊ စောင်းရင် မှောက်ရောဘဲ။
အခက်အခဲ …
ခက်ရင် ခဲလိုက်၊ လွယ်သွားမယ်။
အသက်ကြီး၍ အသိမကြီးလျှင် လူအို။ အသက်မကြီးသော်လည်း အသိကြီးလျှင် လူကြီး။
ဒုစရိုက်ကိုဘဲ မုန်း၊ လူကို မမုန်းနဲ့။
အိပ်မက်လှလှ မက်တတ်စေ …
ဒုံးပျံတွေ၊ လေယာဉ်ပျံတွေ၊ ဂြိုဟ်တုတွေရဲ့ အစဟာ စိတ်ကူးယဉ် အိမ်မက်ပါ။
လက်တွေ့ ဟူသမျှ စိတ်ကူးယဉ် အိပ်မက်က စခဲ့တာ။
ဒါကြောင့် … ကြီးမားတဲ့ စိတ်ကူးယဉ် အိပ်မက်လှလှလေးတွေ များများမက်ပေးပါ။
ခြင်များလျှင် လူသေတတ်သည်။ ချင်များလျှင် ဘ၀သေတတ်သည်။
အရာအားလုံးကို သင်မေ့တာ ပြဿနာမဟုတ်။ ဘုရားကို မေ့လျှင်တော့ သင်မှားမည်။
အရှုံး/အနိုင်
ရှုံးလိမ့်မည်ဟု ကြောက်ရွံ့စိုးရိမ်သူသည်၊ ဧကန်ရှုံးမည့်သူသာ ဖြစ်၏။
ဘာမှမပြုပြင်ဘဲ ထားတာကို ကြိုက်ကြတယ်တဲ့။
မပြုပြင်ရင် တော၊ ပြုပြင်မှ ဥယျာဉ်၊
ဒီနှစ်ခုထဲမှာ ဘာကို ပိုကြိုက်သလဲ?
ကဲ … အမှန်အတိုင်း မိန့်တော်မူစမ်းပါ။
လှန်သောလက်မှသည် မှောက်သော လက်ဆီသို့ ရောက်အောင် လှမ်းနိုင်စေ။
ဆင်ပြောင်ကို ယင်ကောင်နားတာ အားသာလို့ မဟုတ်ဘူး။
မခုန်ခင် အရင်ကြည့်။
ကျရှုံးခြင်းလား ? လှေကားထစ်လား ? စဉ်းစား။
ကလားထိုင်နှစ်လုံး ထိုင်ဖို့ ကြိုးစားရင် ကြားထဲ လိမ့်ကျလိမ့်မယ်။ တစ်လုံးကိုဘဲ ပြတ်ပြတ်သားသား ရွေး။
ခတ်ကျွဲမှန်ရင် ချိုချက် မကင်းဘူး။ သူရဲကောင်းမှန်ရင် ဒဏ်ရာဒဏ်ချက် မကင်းဘူး။
သူများပါးစပ်နဲ့ လမ်းမဆုံးသင့်။
အမိဝမ်းမှ မွေးဖွားရုံမျှဖြင့်
မနုဿတ္တဘာဝ ဒုလ္လဘအစစ် ဧကန်ဖြစ်သည်ကား မဟုတ်။
ဗုဒ္ဓ၏ ဓမ္မဖြင့် တစ်ဖန် မွေးဖွားမှသာလျှင် မနုဿတ္တဘာဝ ဒုလ္လဘအစစ် ဧကန်ဖြစ်တော့၏။
လုံးလအကျိုး…
လုံ့လမမူ၊ နတ်မကူဘူး၊ လူလည်းလုံ့လ၊ နတ်လည်းမရှင့်။
ဆင်စွယ်မှန်လျှင် ပိုးမစားပါ။
အလုပ်မလုပ်သော သူသည် မာရ်နတ်၏ အပေါင်းအသင်းဖြစ်သည်။
လက်ထဲမှ ငှက်တစ်ကောင်သည် ချုံဖုတ်ထဲမှ ငှက်နှစ်ကောင်ထက် ပို၍ တန်ဖိုးရှိ၏။
ညောင်သံပေးလွန်းတဲ့ကြောင် သားကောင် ရှာမရ။
နှောင့်နှေးသော သူသည် အဆုံးရှုံးမြန်၏။
နေ၀င်ချိန် တိမ်တောက်ဖို့ လိုပါသည်။
အချိန်အခါသည် သစ္စာတရား၏ သံတော်ဆင့် ဖြစ်သည်။
သင့်အား အသေမချေမှုန်းနိုင်သော အရာသည် သင့်အတွက် ခွန်အားကို ပေးလိမ့်မည်။
နားလည်ပေးပါ ..
ဘာမျှမရှိပါ ရှိအောင်လုပ်ဖို့၊ အစွမ်းကုန်ကြိုးစားနေပါတယ်။
ဖြတ်တောက်မှုမခံသော သံ လက်နက်မဖြစ်။
အထုအဆစ်မခံသော ကျောက် အရုပ်မဖြစ်။
ဆိုဆုံးမ မခံသော တပည့် သူကောင်းမဖြစ်။
တွေးတော်မူ …
လွင်မှာပေါက်တဲ့ မြက်၊ ကြည့်ရင်းကြည့်ရင်းနဲ့ ကြည်နူးမိတယ်။
အုတ်ကြားမှာ ပေါက်တဲ့မြက် ကြည့်ရင်းကြည့်ရင်းနဲ့ ဂုဏ်ယူမိတယ်။
ဖြစ်အောင်ကြိုးစားလျှင် မဖြစ်သေးတာပဲရှိမယ်။ မုချဧကန် ဖြစ်လာလိမ့်မယ် ဒါကို အမြဲနှလုံးသွင်းထားဘို့လိုတယ်။
လောကကြီးထဲ ကျွန်တော် မွေးဖွားလာတယ်၊ ဒါပေမဲ့ .. လောကကြီးဟာ ကျွန်တော့အတွက် မဟုတ်၊ ကျွန်တော်ဟာ လောကကြီးအတွက်ပါ။
ရှိခြင်းရဲ့ တန်ဘိုးကို မရှိတဲ့ အချိန်မှ မတမ်းတနဲ့။ ရှိတဲ့ အချိန်မှာ နားလည်စေ။
ကောင်းသော အကြံဉာဏ်ကို ပြောဆိုခွင့် ရှိလျက် ဆိတ်ဆိတ်နေခြင်းသည် ယုတ်မာကောက်ကျစ်ခြင်းမည်၏။
လူတော်တော်များများဟာ စဉ်းစားရမှာကို သေရမှာထက် ကြောက်တယ်။ မစဉ်းစားဘဲ သေတဲ့သူတွေသာ များတယ်။ လောကကြီးမှာ ပညာရှိတွေ ရှားတာ … အဲဒါကြောင့်။
မုန်တိုင်းမရှိသော ပင်လယ်ပြင် ကျွမ်းကျင်သော သင်္ဘောသား မွေးမထုတ်နိုင်။ (အခက်အခဲ ရှိမှ တိုးတက်သည်)
အမြဲအောင်မြင်နေတယ်၊ အဲဒီလူကို .. လူတော်။ အကြိမ်ကြိမ် လဲတယ် ဒါပေမဲ့ .. အကြိမ်ကြိမ် ပြန်ထနိုင်တယ်။ အဲဒီလူကို လူတော်ထက်သာတဲ့ လူစွမ်းကောင်းလို့ ခေါ်တယ်။
0 comments:
Post a Comment