ချစ်သလားလို့
နှစ်ကိုယ်ကြားလေး တို့မေးတဲ့ခါ
ဘာလို့ ''သိဘူး'' ဖြေတာလဲ။
မုန်းသလားလို့
နှစ်ကိုယ်ကြားလေး တို့မေးတဲ့ခါ
ဘာလို့ ''ဟင့်အင်း'' ငြင်းတာလဲ။
မချစ်ရင်လည်း
မုန်းပစ်လိုက်လို့ တို့ပြောတဲ့ခါ
ဘာလို့ '' နှုတ်ခမ်း'' စူတာလဲ။
ဒီတိုင်းဆိုရင်
ခေါ်ချင်ဘူးလို့ တို့စတဲ့ခါ
ဘာလို့ '' ခြေဆောင့်'' ရတာလဲ။
ကဲ … ဒီလိုဆို
သူငယ်ချင်းလို့ ခင်ပါစို့လို့
တို့နောက်တဲ့ခါ
ဘာလို့ '' မျက်ရည်ဝိုင်း'' တာလဲ။ (ညိုလင်းခက် / ရေစကြို)
0 comments:
Post a Comment