ကာယဉာဏ၊ ဓနအင်အား၊ ရှိပါငြားလည်း သူတစ်ပါးအကျိုး မသယ်ပိုးပဲ၊ ကိုယ်ကျိုးသာမျှ၊ ဆောင်ရွက်ကြလျှင်၊ ရလာဘ၀ သုံးမကျဘူး၊ တကယ်သိမြင်၊ ဉာဏ်နှင့်ယှဉ်၍ အများအကျိုးတိုးထက်တိုးအောင်၊ အားကြိုးမာန်ပါ၊ သယ်ပိုးပါမှ၊ ရလာလူ့ဘ၀၊ လွန်လှပ၍၊ ဘ၀အဓိပ္ပါယ်၊ ပြည့်စုံကြွယ်သည်၊ တတ်စွမ်းသမျှ၊ သယ်ပိုးကြလော့။
လောကမှာ မျှသူ၊ မမျှသူ-ဟုနှစ်မျိုးရှိ၏။ မျှဝေသူသည် ပရဟိတသမားဖြစ်၏။ မမျှသူသည် အတ္တဟိတသမားဖြစ်၏။ မျှမျှတတ - ဆိုတဲ့စကားအတိုင်း မျှ-သူကို အားလုံးက တ-ကြသည်။ မမျှသူကို မည်သူမျှ မတ။ လမင်းက အေးမြသည့် အလင်းရောင်ကို မျှဝေသောကြောင့် မသာလည်း တ၊ သာလည်း တ-ကြ၏။ မပေါ်လည်း မျှော်၊ ပေါ်လည်း ပျော်-ကြသည်။