သူပိုင်တဲ့ ခြံမြေဥယျာဉ် စတာတွေရောက် အောက်ထစ်ဆုံး ခွက်ပါမကျန်ရောင်း စားလိုက်တော့ သူဟာလူမွဲဘ၀ ရောက်ရှိသွားပြီလေ၊ ပိုဆိုးတာက နေစရာကိုယ်ပိုင်အိမ် မရှိတော့ ခွက်ဆွဲတောင်းစားပြီး ဇရပ်ပေါ်မှာ နေရတဲ့ အဆင့်ပဲ။ တစ်နေ့ - ဒို့ဘုရားရှင်ဟာ သူတို့ကိုတွေ့ပြီး ပြုံးတော်မူတယ်။ အရှင်အာနန္ဒာက မေးလျှောက်တော့ ဘုရာရှင်က အာနန္ဒာ-ဒီသူသားဟာ ဥစ္စာတွေကို မဖြုန်းတီးပဲ အလုပ်ကို ကောင်းမွန်စွာလုပ်ရင် ဒီမြို့မှာ သူဌေးကြီးဖြစ်နိုင်တယ်။ တကယ်လို့ သူတို့တတွေ ရဟန်းပြုခဲ့ကြရင် အရိယာတွေ ဖြစ်နိုင်တယ်။ အခုတော့ စည်းစိမ်ဥစ္စာရော အရိယာအဖြစ်ပါ ဆုတ်ယုတ်လေပြီ-လို့ မိန့်တော်မူလိုက်တယ်။
ကဲ … လူလေး မင်းတွေးကြည့်စမ်း သူဟာဘာကြောင့် မွဲသွားတာလဲ ဥစ္စာတွေကို
ဆင်ခြင်မဲ့စွာ ဖြုန်းတီးပစ်လိုက်လို့ပဲ၊ နောက်သူဘာကြောင့် အရက်သမားဖြစ်သွားရတာလဲ
.. လူပေါင်းမှားသွားလို့ပေါ့။ အေး … ဒီနေရာမှာ မွဲသွားရင် ချမ်းသာအောင် ပြန်ကြိုးစားပါလားလို့တော့
မေးစရာရှိတယ်။ ဒါပေမဲ့ အသက်အရွယ်ကြီးပြီး ဘာပညာမှ မတတ်တဲ့သူတို့အတွက် အချိန်တွေနှောင်းသွားခဲ့ပြီ၊
အတတ်ပညာမရှိမှုကတော့ မိဘတွေရဲ့ အတတ်သင်စေ - ဆိုတဲ့ဝတ္တရားပျက်ကွက်မှုပဲပေါ့။ ဒီဖြစ်ရပ်ကို
ကြည့်ပြီး အတိုချုပ်ပြောရရင် ဘ၀မှာပြည့်စုံစွာ နေနိုင်ဖို့က မိဘဖြစ်သူက သားသမီးကို
ဥစ္စအမွေထက် ပညာအမွေကို ပေးသင့်တယ်။ လူပေါင်းမမှားဖို့၊ မူးယဇ်ဆေးဝါးရှောင်ကြဉ်ဖို့၊
ဘ၀ပေးအခြေအနေနဲ့ အချိန်တွေကို တန်ဖိုးရှိစွာ အသုံးချတတ်ဖို့ လိုအပ်တယ်ဆိုတာတွေပါပဲ။
(အဘ)
0 comments:
Post a Comment