Saturday, February 25, 2012 By: Unknown

မေတ္တာကြောင့်လား ယတြာကြောင့်လား

            ဓာတ်၊ ယတြာ အဆောင်၊ ဂါထာမန္တာန်တို့က ကောင်းကျိုးပေးသည်ဟု ယူဆနေကြ၏။ ထို့ကြောင့် - စီးပွားရေးသမားတို့ အိမ်ခေါင်းရင်း ဆိုင်ခေါင်းရင်းတွင် ယတြာအဆောင်မျိုးစုံကို တွေ့နေရခြင်းဖြစ်၏။ ယနေ့မှစ၍ ပြတ်သားစွာ မှတ်သားပါလော့ -
            လက်ယပ်ခေါ်နေသော လာဘ်ခေါ်ရုပ်က မကြီးပွားစေနိုင်။ မေတ္တာစေတနာကသာ ကြီးပွားစေနိုင်သည်။ ထောင်တန် ငါးရာတန်တို့ဖြင့် စီမံထားသော လာဘ်ခေါ်ဇီးကွက်အရုပ် ကမကြီးပွားစေနိုင်။ မေတ္တာစေတနာကသာ ကြီးပွားစေနိုင်သည်။
            အစိမ်းရောင်ပုလင်တွင် စိုက်ထားသော နှင်းဆီးပွင့်က မကြီးပွားစေနိုင်။ မေတ္တာစေတနာကသာ ကြီးပွားစေနိုင်သည်။ ဈေးဦးပေါက်ရောင်းရသော ပိုက်ဆံဖြင့် ကုန်ပစ္စည်းတို့ကို တဖျတ်ဖျတ်ရိုက်ခြင်းဖြင့် မကြီးပွားစေနိုင်။ မေတ္တာစေတနာကသာ ကြီးပွားစေနိုင်သည်။
            ရက်ရာဇာက ကောင်းကျိုးမပေးနိုင်။ မေတ္တာစေတနာကသာ ကောင်းကျိုးပေးနိုင်သည်။ အဆောင်ယတြာကို မယုံသူအချို့ကား ကလိန်ကကျစ် လုပ်နိုင်လျှင် ကြီးပွားမည်ဟု ယုံကြည်ပြန်၏။ မမှန်ကန်သောနည်းဖြင့် ကြီးပွားသူကား  ရေပွက်ပမာ၊ တစ်သက်လျာတည်း- ဟုပြောနိုင်မည်ဖြစ်၏။ ခွေးရူးကောင်းစား၊ တမွန်းတည်း- ဟူသောစကားသည် ထိုသူများအတွက် ဆိုလိုဟန်ရှိ၏။

0 comments:

Post a Comment