Saturday, February 18, 2012 By: Unknown

မင်းဘယ်လိုအသုံးချသလဲ?


လူတိုင်းအတွက် (၂၄)နာရီ
စက္ကန့်ခြောက်ဆယ် တစ်မိနစ်၊ မိနစ်ခြောက်ဆယ်တစ်နာရီ၊
နှစ်ဆယ့်လေးနာရီတစ်ရက်၊ မူလတန်း စာမျက်နှာပေါ်မှာ၊ ဆရာမရဲ့သင်ကြားမှု၊ ခုထိမှတ်မိနေတယ်။
ဟုတ်ကဲ့ ….
ဗိုလ်ဆန်ဆန်ပြောကြည့်ရရင်ပေါ့ဗျာ၊ တွမ်တီဖိုးဟာဝါ တဲ့၊ ဒါလူတိုင်း အခမဲ့ရရှိတဲ့အချိန်၊ အဲဒီအချိန်ပေါ် လေးစား တန်ဖိုးထား အသုံးပြုသူတွေဟာ၊ လူများစွာပေါ် ခေါင်းတစ်လုံးမြင့် ပွဲလွယ်တင့်တာ မငြင်းနိုင်ဘူး၊ အမေရိကန်သမ္မတ လင်ကွန်းဟာ နှစ်ဆယ့်လေးနာရီကို အသုံးချ သမ္မတဖြစ်ခဲ့တယ်။ သောမတ်အက်ဒီဆင်ဟာ
နှစ်ဆယ့်လေးနာရီကို အသုံးပြု အောင်မြင်မှုရခဲ့တယ်။ ရှိတ်စပီးယားဟာ နှစ်ဆယ့်လေးနာရီကို အလေးထားအောင်မြင်ကျော်ကြားခဲ့တယ်။ နှစ်ဆယ့်လေးနာရီကို ပိုင်နိုင်စွာ ရယူသူချင်း အတူတူ ကြိုးစားသူက ထိပ်ဆုံး မကြိုးစားသူက အောက်ဆုံး၊ နှစ်ဆယ့်လေးနာရီ အဆုံးအဖြတ်ဟာ မျက်နှာမလိုက်ပါဘူး။ ကိုယ့်ကိုကိုယ် အောင်မြင်လိုသူတစ်ယောက် သေချာပေါက်ဖြစ်ဖို့ရာ နှစ်ဆယ်လေးနာရီကို ရွှေရောင်တင်၊ ဖြစ်ချင်တာကို ကြိုးစား ပစ်မှတ်ကို ထိသွားမှာ မလွဲဘူး - ကဲအချိန်တွေ မဖြုန်းနှင့် ၂၄-နာရီကို အသုံးပြု အောင်မြင်မှုသရဖူဆောင်း ကမ္ဘာကို ခါးစောင်းတင်ရအောင်။ (မောင်နှင်းပန်း၊ ရေနံချောင်း)

0 comments:

Post a Comment