'' I know not with what weapons
World War III will be fought, but World War IV will be forught with sticks and
stones.''
ပညာကြီးသူများပြောလျှင်
လွဲခဲသည်၊ သတိမထား၍ မရပါ။ အိုင်စတိုင်းသည် တတိယကမ္ဘာစစ်ကြီးမှာ မည်သည့်လက်နက်သုံးပြီး
တိုက်ခိုက်ကြမည်ကို မသိသော်လည်း စတုတ္ထကမ္ဘာစစ်ကြီးမှာမူ တုတ်ချောင်းများ ကျောက်ခဲများနှင့်
တိုက်ခိုက်ကြလိမ့်မည်ဟုဆိုထားပါ၏။
သူပြောချင်သည်မှာ
တတိယကမ္ဘာစစ်ကြီးသည် လက်နက်ဆန်းများနှင့်တိုက်ခိုက်ကြရင်း ကမ္ဘာကြီး ပျက်စီးပြီး ကျောက်ခေတ်ပြန်ရောက်နိုင်သည်ဟု
သွယ်ဝိုက်၍ သတိပေးထားခြင်းဖြစ်ပါသည်။ သူတီထွင်ခဲ့သော E=mc2 မှနေ၍ အဏုမြူဗုံးများ မွေးဖွားလာခဲ့သည်။
ဒုတိယကမ္ဘာစစ်အတွင်း နာဂါဆာကီနှင့်ဟီရိုရှီးမားတွင် ကြဲချလိုက်သည့် အဏုမြူဗုံးမှာ မြို့တစ်မြို့စီကို
စိစိညက်ညက်ကျေသွားပြီး။ ဒုတိယကမ္ဘာစစ်ကြီးလည်း ပြီးဆုံး သွားစေခဲ့သည်။ ယခုနောက်ပိုင်းတီထွင်ထားသည့်
အဏုမြူဗုံးများသည် ဒုတိယကမ္ဘာစစ်အတွင်း အသုံးပြုသွား သည့် ဗုံးများထက် အဆထောင်ချီ၍ အဖျက်စွမ်းအားပိုနေပါပြီ၊
တတိယကမ္ဘာစစ်ဖြစ်၍ ယခုဗုံးများကို အသုံးပြု ခဲ့ပါလျှင် ကမ္ဘာကြီးမည်သို့ဖြစ်သွားမည်ဆိုသည်ကို
မတွေးရဲစရာဖြစ်နေရပါပြီ၊ အရေအတွက်အားဖြင့်လည်း အဏုမြူဗုံးများသည် အတော်လေးပျံ့နှံနေပါသည်၊
လူတိုင်းလောဘ၊ ဒေါသများလျှော့ချရန်လိုသည်၊ သို့မဟုတ်ပါက စတုတ္ထကမ္ဘာစစ်ကြီးတွင် ကျောက်ခဲ့များနှင့်
ပစ်ပေါက်၍ တိုက်ခိုက်ကြရပါလိမ့်မည်။
(နှိုင်းရသီဝရီနှင့်လောက၏အဓိပ္ပါယ် - စာစုမှ
/ နေဇင်လတ်)
0 comments:
Post a Comment