Friday, February 3, 2012 By: Unknown

ဆိုင်မှာသုံးပြီး Logout လုပ်မရတဲ့အခါ


Firefox Browser ကို Internet ဆိုင်မှာ သုံးနေရင်းကွန်နက်ရှင်ကျသွားရင် Account ကို Logout လုပ်ဖို့ခက်ခဲသွားပါလိမ့်မယ်။ တချို့ဆိုင်တွေက Browser ကို ထွက်လိုက်တာနဲ Cache Clear လုပ်ပေးပေမယ့် တချို့ဆိုင်တွေက Cache Clear မလုပ်ပေးမိတော့ နောက်နေ့ကိုယ့် Account ထဲမှာ ပေါက်ကရ ရေးသွားတာတို့ ချက်သွားတာတို့ ဖြစ်နိုင်ပါတယ်။ တကယ်လို့ အဲဒီလိုမျိုးမဖြစ်စေချင်ရင် Firefox ထဲမှာရှိတဲ့ Cache ကို Clear လုပ်ပေးနိုင်ပါတယ်။ အရင်ဆုံး Tools> Clear Recent History သို့မဟုတ် Clear Private date ဆိုတာကို ရွေးပေးလိုက်ပြီး Ok လိုက်ရင် အဆင်ပြေပါပြီ။ တကယ်လို့ Clear Recent History သို့မဟုတ် Clear Private date ကိုနှိပ်ပေးလိုက်လို့ထပ်ပြီး Today, Last Hour, Two Hour, Four Hour ဆိုပြီး အဲဒီလို ရွေးခိုင်ရင် Today သို့မဟုတ် Last Hour ကိုရွေးပေးနိုင်ရင် ပိုကောင်းပါလိမ့်မယ်။ အကယ်၍ အဲဒီလို Clear Recent History သို့မဟုတ် Clear Private date ကို မရွေးချင်ရင် Tools > Options>Privacy>Clear History When Firefox close ဆိုတာလေးကို အမှတ်ခြစ်ပေးလိုက်ပါ။ အမှတ်ခြစ်ပေးလိုက်တာနဲ့ ဘေးနာက Setting လေးပေါ်လာရင် အဲဒီ Setting ထဲကို ၀င်ပြီးတော့ History အောက်မှာရှိ တာတွေကိုအမှတ်အပြည့်ခြစ်ပေးလိုက်ပါ။ ပြီးရင် Data ဆိုတဲ့အောက်က ဟာလေးကိုပါ အမှတ်အပြည့်ခြစ်ပေးလိုက်ပါ။ ဒါဆိုရင် အဆင်ပြေသွားပါလိမ့်မယ်။ အင်တာနက်ဆိုင်မှာသုံးလို့ ကွန်နက်ရှင် ကျပြီဆိုရင် Clear Recent History ကိုလုပ်ဖို့ မမေ့ဖို့ သတိပေးချင်ပါတယ်။ ဒါဆိုအားလုံး အဆင်ပြေမှာပါ။

0 comments:

Post a Comment