အခုခေတ်မှာ
ကိုယ်ပိုင်သီချင်းတွေကို သီဆိုပြီး Facebook ပေါ်မှာတင်ချင် တာပဲဖြစ်ဖြစ်၊ ဒါမှမဟုတ်
ကိုယ်နဲ့ ခံစား Facebook Mp 3 Format ချက်ချင်းတိုက်ဆိုင်တဲ့ သီချင်းတွေကို တင်ချင်တာပဲဖြစ်ဖြစ်
တစ်ခါတလေမှာ တင်မရဖြစ်တတ်ပါတယ်။ ဘာလို့လဲ ဆိုတော့ Facebook ပေါ်မှာ ဗီဒီယိုဖိုင်နဲ့
ပုံတွေပေးတင်လို့ပါ။ အဲဒီအတွက် Facebook ပေါ်မှာ Mp 3 ဖိုင်ကို အလွယ်တကူတင်ဖို့အတွက်
Mougg ဆိုတဲ့ Mp 3 Uploader ဆိုက်လေးကို ညွှန်ပြပေးချင်ပါတယ်။ အဲဒီဆိုက်မှာ မတင်ခင်
Register အရင်လုပ်ပေးရပါမယ်။ Register လုပ်ပြီးတာနဲ့ Mp 3 တွေကို Facebook ပေါ်မှာ တင်နိုင်ဖို့အတွက်
ကိုယ့်အကောင့်ရဲ့ ဘယ်ဘက်မှာ ရှိတဲ့ Upload Music ဆိုတဲ့ခလုတ်လေးကို နှိပ်ပြီးတော့
Upload တင်လိုက်ပါ။ သီချင်တင်ပြီးသွားတာနဲ့ Facebook Icon ပုံစံလေးကို နှိပ်ပါ။ အကယ်၍
Facebook Access တောင်းခဲ့ရင်လည်း Allowed ပေးလိုက်ပါ။ ပြီးတာနဲ့ Facebook ပေါ်မှာ ကိုယ်တင်ချင်တဲ့
Mp 3 File လေးတင်လို့ပြီးပါပြီ။
0 comments:
Post a Comment