Sunday, February 19, 2012 By: Unknown

အမိုက်(၃)မျိုး


(၁) ပထမအရွယ် ငယ်စဉ်ကာလမှာ လောကအကြောင်း ဓမ္မအကြောင်း မသိနားမလည်၍ မိုက်နေကြတဲ့လူငယ်များကိုတော့ မလည်မိုက်လို့ခေါ်တယ်။ (ပထမအရွယ်မိုက်ကြတဲ့ မလည်မိုက်များဟာ ဆရာကောင်းသမားကောင်းများရဲ့ အဆုံးအမသြ၀ါဒကို ခံယူကြမယ်ဆိုရင်လိမ္မာနိုင်ပါတယ်။)
(၂) ဒုတိယအရွယ် လောကအလယ် လူရာဝင်လာတဲ့အရွယ်မှာ ပညာရေးသမားများက ပညာရေးတွေအောင်မြင်လို့ စီးပွားရေးသမားများက ပစ္စည်းဥစ္စာတွေကြွယ်ဝချမ်းသာလို့ ပညာမာန် ပစ္စည်းမာန်တို့ဖြင့် မိုက်နေကြတဲ့ ပုဂ္ဂိုလ်ကိုတော့ အရွယ်မိုက် ခေါ်ပါတယ်။ (ဒုတိယအရွယ်မှာမိုက်နေကြတဲ့ အရွယ်မိုက်များဟာ သူတော်ကောင်းများရဲ့ ပြုပြင်လမ်းညွှန်မှုကို ခံယူကြမယ်ဆိုရင် လိမ္မာနိုင်ပါတယ်။)
(၃) တတိယအရွယ်ကြီးလာ အိုလာတဲ့အခါမှာ ဘုရားကျောင်းတရားရိပ်သာများကိုလည်း မသွား အလှူအတန်းလည်း ၀ါသနာမရှိ၊ သီလလည်း မကျင့်သုံး တရားဘာဝနာနှင့် မပျော်နိုင်တဲ့ ပုဂ္ဂိုလ်များကိုတော့ တကယ်မိုက်လို့ ခေါ်ပါတယ်။ (တတိယအရွယ်မိုက်နေကြတဲ့ တကယ်မိုက်) များဟာ လောကအလယ်မှာ လူလိမ္မာများ ဖြစ်မလာနိုင်တော့ပါ။

0 comments:

Post a Comment