တစ်နေ့လျှင် ၁၅-မိနစ်မျှဖြင့် အဘယ်မျှလောက် ကြီးကျယ်သောအရာများကို ဖြစ်မြောက်အောင် တတ်နိုင်မည့် အကြောင်းကို စဉ်းစားမိကြပါ၏လော။
ယူနိုက်တက်စတိတ်နိုင်ငံ
ဟားဗဒ်သိပ္ပံဥက္ကဋ္ဌကြီး အဲလီကော့က တစ်နေ့လျှင် ၁၅-မိနစ်မျှ စာအုပ်ဟောင်းများကို ဖတ်လျှင်လေးနှစ်အတွင်း
သိပ္ပံပညာနှင့်ညီမျှသော အသိအလိမ္မာပညာကို ရနိုင်သည်ဟု ပြောဖူးလေသည်။
၁၅-မိနစ်သည်ထိုမျှလောက်အကျိုးရှိနိုင်ပါက
မိနစ် ၃၀၊၆၀-မျှအသုံးပြုလျှင် နှစ်ပေါင်းအနည်းငယ်အတွင်း အဘယ်မျှလောက်ကြီးမားသော ပြောင်းလဲခြင်း၊
တိုးတက်ခြင်းဖြစ်နိုင်သည်ကို စဉ်းစားကြပါကုန်။ တစ်နေ့လျှင် မိနစ် ၆၀-သင်ယူပါက သာမန်ဉာဏ်ရှိသူသည်
မကြာမီ ဘာသာစကား နှစ်မျိုးသုံးမျိုးကို တတ်ကျွမ်းနိုင်လေသည်။
အဘယ်ပညာမဆို
အစမှာသာခက်၏။ ခက်သောအပိုင်းလေးကို ကျော်မိလိုက်သည်နှင့် တစ်ပြိုင်တည်း တံခါးပွင့်လေသည်။
၎င်းပြင် ပညာတစ်ခုသည် အခြားပညာတစ်ခုအတွက် အကူအညီကိုပေးလေရာ တိုးတက်လေ တိုးတက်မြန်လေ ဖြစ်လေသည်။
တစ်နေ့လျှင်
တစ်နာရီမျှ မိမိကိုယ်ကို တိုးတက်အောင် ကြိုးစားသူတို့မှာ သုံးနှစ်အတွင်း လူသာမန် အနိမ့်စားအဖြစ်မှ
အမြင့်စားအဖြစ်သို့ ရောက်နိုင်လေသည်။
ငွေမှသာ
လူကိုမြင့်စေသည်မဟုတ်၊ ပညာရဲရင့် ပွဲလယ်တင့်ဟူသော စကားအရ တကယ်ပညာရဲရင့် သည့်အခါ ငွေရှင်တွေစု၍
ချီးမြှောက်ကြ၏။ ထင်ပေါ်လျှင် စင်တော်က ကောက်ရလေသည်။
(လေးအိမ်စုဆရာတော်၏ စကားလက်ဆောင် - ၂
မှ)
0 comments:
Post a Comment